ရုန်းထွက်လို့မရတဲ့ သူငယ်ချင်းမလေးရဲ့ စကေး
အဟမ်း! ဒီလိုဗျာ ခင်ညားတို့ဘဝမယ် တခါတလေ ခရီးသွားဟန်လွှဲ လျှောက်သွားရင်း လူတွေကြားထဲ ထင်းကနဲဖြစ်နေတဲ့ မိန်းကလေးမျိုး မြင်ဖူးကြမှာပေါ့။ ကုလားဖြူလိုပြောရင် စတန်းနင်းဖြစ်တဲ့ ရူပကာမျိုးဗျာ။ ပြင်ပြင်ဆင်ဆင်လုပ်ထားလို့ ထင်းနေတာမျိုးပြောတာ မဟုတ်ဘူးနော်။ ဘာမှ မဖီးမလိမ်း မပြင်မဆင်ထားပဲနဲ့ကို မြင်လိုက်ရတာနဲ့ ဟယ်! ရုပ်ကလေးကကွာ ဆိုပြီး ထင်းကနဲ ဖြစ်နေတဲ့ပုံစံမျိုး။ ပမာပြောရရင် the matirx reloaded ရုပ်ရှင်ဇာတ်ကားထဲက မာယာရှင် ပါစီဖုန်း (Monica Bellucci) လို ရုပ်ရည်မျိုးဗျာ။ (မူးမူးနဲ့ လျှောက်ပြောပစ်တာ များကုန်ပြီထင်တယ် ဟီဟိ) ကျနော့်မှာ အဲ့လိုရုပ်ရည်မျိုးပိုင်ရှင် သူငယ်ချင်းမလေးတစ်ယောက် ရှိခဲ့ဖူးတယ်ဗျ။ ကျနော်ရယ် သူရယ် နောက်ထပ်ကောင်မလေး နှစ်ယောက်ရယ်က ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတာပေါ့ဗျာ။ အခုပြောပြမယ့် ဇာတ်လမ်းထဲက ကောင်မလေးက တစ်ခုလပ်မလေး။ … Read more