ကရင်မလေး နော်စော်ဆ အပိုင်း (၁)
အပိုင်း (၁) ၁၉၄၉ ခုနှစ် နှစ်ဆန်းခါစ ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတာ တစ်နှစ်တာ ကာလ ။ တိုင်းပြည်က နုနု … မုန်တိုင်းက ထန်ထန် အချိန် ။ တိတ်ဆိတ်တဲ့ သာယာတဲ့ မနက်ခင်းလေး ။ အင်းစိန်မြို့က ခြံကျယ်ကြီးထဲက သွပ်မိုး အုတ်ခံ နှစ်ထပ်အိမ်ကြီး တစ်အိမ်ထဲမှာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် ပန်းချီဆွဲနေသည် ။ ဖြူဆွတ်ဆွတ် အသား၊ နက်မှောင်တဲ့ ခါးအထိ ရှည်တဲ့ ဆံပင်၊ မျက်လုံး ဝိုင်းဝိုင်းနက်နက်၊ မျက်ခုံးမွေးနက်နက်၊ နှာတန်ပေါ်ပေါ်၊ နှုတ်ခမ်းဖေါင်းဖေါင်းလေးတွေ နဲ့။ ဒီကောင်မလေးရဲ့ နာမည်က နော်စောဆ လို့ ခေါ်ပါသည် ။ မြင်သူတကာ ရင်သပ်ရှုမောရတဲ့ မိန်းမချောလေး ။ … Read more