အား...မရဘူးမရဘူး….နာတယ်
ဟယ်.င့ါပန်းပင်လေးတွေကုန်ပါပြီ မေမေ မေမေ.လာပါအုန်း.ဒီမှာ ဇာလေး´ ပန်းပင်လေးတွေ ကုန်ပြီ´´ အိမ်ရှေ့ပေါ်တီအောက်မှ စီကနဲထွက်ပေါ်လာသော အသံစူးစူးလေးကြောင့် ပန်းပင်တွေကြား ငုတ်တုတ်ထိုင်၍ နှင်းဆီအိုးတွေအောက်တွင် အုတ်ခဲတွေခုနေသော မြင့်ကျော်တစ်ယောက် လှမ်း၍ကြည့်မိလိုက်သည်။ပြီးတော့ သူ့မျက်နှာက တဖြေးဖြေးပြုံးဖြီးဖြီးကြီးဖြစ်လာသည်။ “တော်တော်လှတာပဲဟင်း´´ အသက်(၁၈)နှစ်အရွယ် ဖြူဖြူဖွေးဖွေး ကောင်မလေးတစ်ယောက်ခုန်ဆွခုန်ဆွနှင့်စပ်မထိဖြစ်နေသည်။ ထိုစဉ်မှာပင် အိမ်ထဲမှအသက်လေးဆယ်အရွယ် ဖြူဖြူ၀၀အမျိုးသမီးကြီးတစ်ယောက်ထွက်၍လာသည်။
“ဟဲ့ သမီး.ဘာဖြစ်နေတာလဲ´´ “ဒီမှာ မေမေ မတွေ့ဘူးလား.သမီး ဇီဇဝါပင်တွေ ငုတ်တိုပဲကျန်တော့တယ်ဟိုတောသားလက်ချက် မဟုတ်လား.´´ ဇာလေးဖြူ ငိုသံပါနှင့်ပြောနေသည့်ကြားက နောက်ဆုံးစကားတွင်ဒေါသသံက ပါလာသည်။ မြင့်ကျော် အုတ်ခဲတစ်လုံးကိုလှမ်းယူရင်း ဇက်ကလေးပုသွားသည်။ “ဟယ်ဇာလေးကလဲ.မေမေခိုင်းလို့သူလုပ်ရတာဘဲကွယ်သမီးပန်းပင်တွေကလဲပြန်ပြီးတက်လာမှာပဲဟာနောက်ပြီး ကိုယ့်အစ်ကိုဘဲ တောသား တောသားနဲ့ မခေါ်ပါနဲ့သမီးရယ်´´ “ဟွန်း´´ ဇာလေးဖြူ မျက်စောင်းခဲ၍ နှုတ်ခမ်းစူပစ်လိုက်သည်။ ထိုအချိန်မှာပင် အိမ်ကြီးအတွင်းမှ အသံသြသြကြီးဖြင့် ယောင်္ကျားကြီးတစ်ယောက်၏အသံထွက်၍လာသည်။
“သမီး.ဇာလေး.ခဏလာအုန်း´´ ဇာလေးဖြူမျက်နှာပျက်သွားပြီး မသွားချင်သွားချင်ခြေလှမ်းမျိုးဖြင့် အိမ်ထဲသို့ဝင်လာခဲ့သည်။ ဧည့်ခန်းထဲတွင်တော့ အသားညိုညို ဗိုက်ရွှဲရွှဲဖြင့် အသက်(၄၀)ကျော်အရွယ် ယောင်္ကျားကြီးတစ်ယောက်ထိုင်၍ နေသည်။ “လာသမီး ထိုင်´´ ဇာလေးဖြူ ကုလားထိုင်တစ်လုံးတွင် ဝင်၍ထိုင်လိုက်သည်။ “သမီး စာတွေလိုက်နိုင်ရဲ့လား´´ “ဟုတ်ကဲ့.´´ “မလိုက်နိုင်ရင် မောင်မြင့်ကျော်ကို ပြခိုင်း´´ “ဖေဖေကလဲ´´ “ကိုဘကောင်းကလဲ ကျွန်မသမီးက စာတော်ပြီးသားပါ.´´ ခုမှ ဧည့်ခန်းထဲရောက်လာပြီး ကုလားထိုင်တွင်ဝင်ထိုင်လိုက်သော အမျိုးသမီးကြီးကဝင်၍ပြောလိုက်သည်။ ဦးဘကောင်း၏မျက်နှာကြီး မဲ့သွားသည်။ “နောက်ပြီး သမီးကို ဖေဖေပြောရအုန်းမယ်.တက္ကသိုလ်ကျောင်းသူဆိုပြီး ယောင်္ကျားလေးသူငယ်ချင်းတွေထားတာလဲ သတိထားအုန်းဟို မောင်သော်ဇင်ဆိုတဲ့ကောင်လေးကတယ်မဟန်ဘူးလို့ ကြားတယ်.´´ ဇာလေးဖြူ သူ့အဖေမျက်နှာကိုငေါက်ကနဲ မော့ကြည့်သည်။