“မလုပ်လိုက်ပါနဲ့...အဲ့အောက်ကဟာကြီးက နောက်ပိုင်း သော်တာ့ အသဲစွဲ ဖြစ်မှာ”
တစ်စုံတစ်ယောက်သောသူကို သတိရမိတဲ့အခါတိုင်း အလွမ်းဖြေရင်း နားထောင်ဘို့ version ၄ ခုနဲ့ ဆိုထားတဲ့ Hello Darling ဆိုတဲ့ အင်္ဂလိပ် သီချင်းလေးကို ကျွန်တော့ Laptop ပေါ်မှာ တင်ထားပါတယ်။ အထူးသဖြင့် မန္တလေး ကိုရောက်လျှင် ပိုသတိရမိပြီး ပိုနားထောင်ဖြစ်ပါတယ်။
၂၀ဝ၈ ခု၊ နှစ်ဆန်းပိုင်းလောက်ကပါ။ အောင်မင်္ဂလာအဝေးပြေးဝင်း ရန်ကုန်-မန္တလေး Express ကားတစ်စီးပေါ်မှာ ည ၇ နာရီကား လက်မှတ်ဝယ်ပြီး ကားထွက်မည့် အချိန်ကို စောင့်နေတာ ၁၀ မိနစ်ကျော်တဲ့အထိ ကားကမထွက်သေးဘူး။ ခရီးသည်တွေ ကျန်နေသေးလို့ ထင်ပါရဲ့။ ထိုင်ခုံတွေကလည်း ဟိုနား တစ်ခုံ ဒီနားနှစ်ခုံဆိုသလို လွတ်နေသေးတယ်။ ကျွန်တော့် ဘေးခုံကလည်း မလာသေးဘူး၊ တစ်ချို့က လမ်းကစောင့်ပြီး စီးတာတွေလည်း ရှိတတ်ပါတယ်။
ကျွန်တော်ကတော့ များသောအားဖြင့် ဘုန်းကြီးတွေနဲ့အတူ ကျတတ်ပါတယ်။ ကားပေါ်မှာ ဖွင့်ထားတဲ့သီချင်းလေးတွေ နားထောင်ပြီး စောင့်နေတုန်း အသားဖြူဖြူ၊ နှာတံပေါ်ပေါ် လူရည်သန့်သန့် အသက် ၃၀ ခန့်အမျိုးသမီးတစ်ဦး ကားလက်မှတ်ကိုင်ပြီး တက်လာပါတယ်။ စပါယ်ယာက သူ့ပစ္ဇည်းတွေသယ်လို့ အနားရောက်တော့ အပေါ်မော့ကြည့်ရင်း