ယွန်းလေးချစ်ရတဲ့ ဖေဖေကြီး
“ဖေဖေရေ ယွန်းပြန်လာပါပြီ .. ဆောရီး ဖေဖေရယ် ဒီနေ့စျေးဝယ်တာ နောက်ကျလို့ ဟင်းလေး ကဗျာကရာ ချက်လိုက်မယ်နော်”
“ရေလေးအရင် သောက်ပါအုန်းကွယ် ပေး သမီးအိတ်တွေ ဖေဖေထားပေးမယ်”
ဖေဖေပေးတဲ့ ရေခွက်ကို ယူကာသောက်ရင်း ဖေဖေ့ကို ပိုက်ဆံအိတ် ပေးလိုက်သည်။ ကျမ ငယ်ငယ်လေးကတည်းက မေမေဆုံးသွားတော့ သားအဖနှစ်ယောက်တည်း ရုန်းကန်နေထိုင်ခဲ့ရသည်။ မေမေမရှိလို့ ဖေဖေက ကျမအတွက် အရာရာပါပဲ။ ဖေဖေကို အရမ်းချစ်သည်။ ယောက်ျားယူဖို့လည်း မစဉ်းစားပါ။
ကျမအလုပ်လုပ်တဲ့ ဘဏ်မန်နေဂျာက ကျမကို အတင်းကြိုက်ပေမယ့် ကျမစိတ်ထဲ ဖေဖေပဲရှိသည်။ ကျမက ယွန်းဝတီ အသက် ၂၂ နှစ် ပြည့်ပြီးပြီ။ ဖေဖေက ဦးအောင်ထွန်း။ အသက်က ၄၅။ အသားဖြူဖြူ ဒေါင်ကောင်းကောင်းနဲ့ ခန့်ချောကြီး။
ဖေဖေက အကောက်ခွန်ဌာနက ညွှန်မှူးတစ်ယောက်ပါ။ တစ်သက်လုံး ရိုးရိုးသားသားနဲ့ ကျမကို ရှာဖွေကျွေးမွေးခဲ့သူ။ ဒါပေမယ့် တစ်ပါးသူ ချောက်တွန်းမှုကြောင့် အမှုဖြစ်ခဲ့သည်။ အမှုပြီးလို့ ဖေဖေမှန်မှန်းသိပြီး ဆိုင်းငံ့တာဝန်ကို ဖယ်ဖျက်ကာ အလုပ်ပြန်ခေါ်ပေမယ့် ဖေဖေက စိတ်နာပြီး အလုပ်ပါ ထွက်လိုက်သည်။