နောက်ဆုံးနှစ်ကျောင်းသူလေးရဲ့ ပထမဆုံး အတွေ့အကြုံ
တတိယနှစ် နောက်ဆုံးနှစ်ကျောင်းသူလေး ခင်နှင်းဦး အထက်တန်းကျောင်းသူဘဝက ကြိုက်သူတွေ လိုက်သူတွေရှိခဲ့သည်။ သူမကိုယ်တိုင်ကလည်း စိတ်ဝင်စားသလိုရှိခဲ့ပေမယ့် ပညာရေးကို ဦးစားပေး၍ အချစ်ကို ငြင်းပယ်ခဲ့သည်။ တက္ကသိုလ် ပထမနှစ်ရောက်တော့ အလှတွေ ပိုမိုကြွယ်ဝ ပြည့်စုံလာသော ခင်နှင်းဦးအား ကြိုက်သူတွေ လိုက်သူတွေ ပိုများလာသည်။ ဒီထဲကမှ သူမစိတ်ကြိုက် တစ်ယောက်ကို စိတ်တိုင်းကျ ရွေးချယ်ခဲ့သည်။ သူ့နာမည်က စိုးသီဟတဲ့။ အရပ်မြင့်မြင့်နှင့် အားကစားသမားတစ်ယောက် ကိုယ်လုံးမျိုး။ ခင်နှင်းဦးနှင့် တစ်တန်းတည်း ပထမနှစ် ကျောင်းသားတစ်ယောက်ပင် ဖြစ်သည်။ ခင်နှင်းဦး စိုးသီဟနှင့် တွဲခဲ့တာ ပထမနှစ်မှသည် အခု တတိယနှစ်နောက်ဆုံး ရောက်သည်ထိပင် ဖြစ်သည်။ စိုးသီဟက ခင်နှင်းဦးအား အတော်ချစ်သည်။ ခင်နှင်းဦး မကြိုက်တာ ဘာမျှမလုပ်။ ခင်နှင်းဦး သဘောမတူလျှင် နောက်ဆုတ်သည်။ သူမတို့နှစ်ယောက် ချစ်သူဘဝမှာ သုံးနှစ်မြောက်သည်ထိ သန့်သန့်စင်စင် ရှိနေခဲ့သည်။ ဒါပေမယ့် ဒီနေ့တော့ ခင်နှင်းဦး၏ ဘဝတစ်သက်တာတွင် ရင်အခုန်ရဆုံးနေ့ရက် တစ်ရက်အဖြစ် ဆုံဆည်း တွေ့ကြုံခဲ့ရလေသည်။ ကျောင်းပိတ်ထားတာ တစ်ပတ်ခန့်ရှိပြီမို့ ခင်နှင်းဦး ချစ်သူကို လွမ်းနေမိသည်။ ဖုန်းနှင့် အဆက်အသွယ် ရသော်လည်း လူချင်းက မတွေ့ရ။ ခင်နှင်းဦး အပြင်ထွက်ဖို့ သိပ်မလွယ်။ ဖုန်းကလည်း အိမ်မှာမရှိ၍ လမ်းထိပ်သို့ ထွက်ထွက် ဆက်ရသည်။ ခဏ ခဏ ထွက်ဖို့ကလည်း မလွယ်ပေ။ ဒီနေ့လူကြီးတွေ အပြင်သွားနေတုန်း ဖုန်းထွက်ပြောရန် ကြံစည်နေခိုက် စိုးသီဟတစ်ယောက် သူမ၏ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်၍လာသည်။ တစ်ခါဖူးမှ မလာဖူးသည်မို့ အံ့သြမိသည်။ အိမ်မှာ ဘယ်သူမှ မရှိခိုက်မို့ ထိတ်လည်း ထိတ်လန့်မိသည်။