မေကလွဲရင် ဘယ်မိန်းမမှ…. မလုပ်ရဘူးနော်
နန်းမေခင် နှင့် ဒေါ်သင်းသင်းမြိုင်ကို အများက ညီအစ်မဟု ထင်ထားကြသည်။ အမှန်တော့ တူဝရီးတော်စပ်သည်။ ဒေါ်သင်းသင်းမြိုင် က နန်းမေခင်၏ အဒေါ်ဖြစ်သည်။ အသက် (၄၀) ထဲ ရောက်နေပြီ ဖြစ်ပေမယ့် လှတုန်းတောင့်တုန်း ဖြစ်သည်။ သူမ၏အလှကို မြင်သာအောင် ပြောရလျှင် မင်းသမီး ရတနာခင်လို အလှမျိုး ဖြစ်သည်။ ခပ်ဆင်ဆင်လည်း တူသည်။ နန်းမေခင်က အသက် (၂၂) နှစ်ရှိပြီဖြစ်သည်။ တက္ကသိုလ်တွင် သရုပ်ပြဆရာမလုပ်ရင်း Ph.D တက်နေသည်။ ဒါကြောင့်လည်း အဒေါ်ဖြစ်သူ ဒေါ်သင်းသင်းမြိုင်ထံ လာရောက်နေထိုင်ခြင်း ဖြစ်သည်။ နန်းမေခင်တို့ မိသားစုနေတာက တောင်ကြီးတွင် ဖြစ်သည်။ ဒေါ်သင်းသင်းမြိုင်က (၃၈) လမ်းထဲတွင် ကိုယ်ပိုင်တိုက်ခန်းဖြင့် နေသည်။
ဒေါ်သင်းသင်းမြိုင်တို့ လင်မယားတွင်က သားသမီးမရှိ၍ နန်းမေခင်ကို ငယ်ငယ်ကတည်းက သားသမီးလို ချစ်ခဲ့ကြသည်။ ဒေါ်သင်းသင်းမြိုင်၏ ခင်ပွန်းက နယ်သာလန်တွင် အလုပ်သွားလုပ်နေတာ (၁၀) နှစ်ကျော်ပြီ ဖြစ်သည်။ ဒေါ်သင်းသင်းမြိုင်က (၃၆) လမ်းထဲတွင် တိုက်ခန်းတစ်ခန်းဝယ်၍ စာရေးကိရိယာ စတိုးဆိုင်တစ်ခု ဖွင့်ထားသည်မှာ ကြာပြီဖြစ်သည်။ မပူမပင် စားသောက်နေထိုင်ရ သော်လည်း အလကား ထိုင်မနေတတ်သော ဒေါ်သင်းသင်းမြိုင်က စတိုးဆိုင်တင်မက ကျောက်ပွဲစားအလုပ်ကိုပါ လုပ်ပါသေးသည်။ ဒေါ်သင်းသင်းမြိုင်က သူမအလုပ်နှင့် သူမ အလုပ်ရှုပ်နေတတ်သလို နန်းမေခင်ကလည်း သူမ၏ ကျောင်းကိစ္စနှင့် သူမ တစ်နေကုန်အလုပ်များနေတတ်ကြသဖြင့် တစ်ယောက်ကို တိုက်ခန်းသော့တစ်ချောင်းစီ ကိုင်ထားကြလေသည်။