သိပ်အနိုင်ကျင့်တဲ့ ကောင်ဆိုးလေး
မင်းအောင်နှင့် မဝင်းကြည်တို့က ရပ်ဆွေရပ်မျိုးဟု ပြောရမည့် တစ်ရွာတည်းသားတွေဖြစ်သည်။ ရွာမှာနေစဉ်ထဲက ခြံခြင်းကပ် အိပ်ချင်းကပ်လျက်နေထိုင်ခဲ့ကြသည်ဖြစ်သည်။ မဝင်းကြည်က လွန်ခဲ့သော ၄နှစ်ခန့်ကထဲက ကိုရွှေတင်နှင့် အိမ်ထောင်ကျကာ မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ရွာမှာကအလယ်တန်းကျောင်းသာ ရှိသည်။ အထက်တန်းကျောင်းမရှိသဖြင့် ၈တန်းအောင်ပြီး ကျောင်းဆက်တတ်မည့်ကျောင်းသားကျောင်းသူတိုင်း မြို့သို့ ပြောင်းရွှေ့နေထိုင်ကာ ကျောင်းတက်ကြရသည်။
မြို့တွင်လည်း နီးစပ်ရာဆွေမျိုးမိတ်ဆွေများ၏ နေအိမ်တွင်အတူနေထိုင်ကာ ကျောင်းတက်ကြရသည်ဖြစ်သည်။ ိုထို့ကြောင့်ပင် မင်းအောင်တစ်ယောက် ၈တန်းအောင်ပြီး ၉တန်းတွင်ကျောင်းဆက်တက်ရန်အတွက် မြို့သို့ရောက်ခဲ့ရသည်။ မင်းအောင်၏မိဘများနှင့်ကလဲ မဝင်းကြည်နှင့်ကသားချင်းတွေလိုဖြစ်နေပြန်၊ နောက်ပြီး မင်းအောင်၏အဒေါ်နှင့်ကလည်း မဝင်းကြည်နှင့်က သူငယ်ချင်းတွေဖြစ်လေတော့ မဝင်းကြည်သည် မင်းအောင်ကျောင်းတက်ရန်အတွက် အိမ်တွင်နေထိုင်ရန် လက်ခံထားခဲ့ရလေသည်။ လယ်တွေခြံတွေရှိသော မင်းအောင် ၏မိဘများက မဝင်းကြည်တို့အတွက် တစ်လလျှင်ဆန်တစ်အိပ်နှင့် ငွေတစ်သောင်းအား မင်းအောင်၏ စားစရိတ်အတွက်ဆိုကာပေးသဖြင့်လဲ မဝင်းကြည်တို့လင်မယားက မင်းအောင်ကိုလိုလိုလားလားထားခဲ့သည်လည်း ဖြစ်သည်။
မင်းအောင် ငယ်စဉ်ကလေးဘဝက မဝင်းကြည်တို့၏လက်ပေါ်တွင် ကြီးပြင်းခဲ့ရခြင်းဖြစ်သည်။ မင်းအောင်၏ အဒေါ်ဖြစ်သူနှင့် သူငယ်ချင်းဖြစ်သော မဝင်းကြည်ကမင်းအောင်ကို ဝိုင်းဝန်းထိန်းကျောင်းပေးခဲ့ရဖူးသည် ဖြစ်သည်။ ရွာမှ မဝင်းကြည်ထွက်လာတော့ မင်းအောင်က လေးတန်းကျောင်းသားမျှသာရှိသေးပြီး အခုနှင့်တော့ တခြားစီဖြစ်သည်။ အခုမင်းအောင်က အသက်၁၆နှစ် ရှိပြီဖြစ်ပြီး လူပျိုဖြစ်နေချေပြီ။ ကျေးရွာဓလေ့ အတိုင်း ကျောင်းပိတ်ရက်ကျောင်းအားလပ်ချိန်များတွင် မိဘများ၏ခြံအလုပ် လယ်အလုပ်ကိုကြုံသလိုဝင်ပြီး ကူညီလုပ်ကိုင်ခဲ့တာကြောင့်လည်း မင်းအောင်၏ခန္ဓာကိုယ်မှာ တောင့်တောင့်တင်းတင်းဖြင့် သန်မာ ထွားကြိုင်းလှသည်။ မင်းအောင်တစ်ယောက် အိမ်ရောက်လာတော့လဲ ခလေးသားသမီးမရှိသည့် မဝင်းကြည်တို့လင်မယားအတွက် ကူဖော်လောင်ဖက် လက်တိုလက်တောင်း ကူညီမည့်သူရလာခြင်းပင်ဖြစ်သည်။ အတူးသဖြင့် မကြာခဏ ခရီး ထွက်ရသည့် ဦးရွှေတင်အတွက် အိမ်မှာ မိန်းမသားဖြစ်သူ မဝင်းကြည် တစ်ယောက်ထဲကိုသာ ထားရစ်ခဲ့ရသဖြင့် နောက်ကြောင်းမအေးဖြစ်ရသည်မှ မင်းအောင်ရောက်လာတော့ ကင်းဝေးခဲ့သည်။ မဝင်းကြည်အတွက်ကလဲ ယောကျာ်းဖြစ်သူ ကိုရွှေတင် ခရီးထွက်သွားရင် တစ်ဦးတည်းအိမ်မှာ ကျန်ရစ်ခဲ့ရသည်မှ အခုမင်းအောင်တစ်ယောက် ရောက်လာသည့်အတွက် သူမအတွက်လဲ အဖော်ရသွားသည်။ မဝင်းကြည်၏ယောကျာ်း ကိုရွှေတင်က မြေတိုင်းစာရေးဖြစ်ပြီး တစ်လလျှင် အမြဲပင် ၁၅ရက်၊ ရက်၂၀လောက် ခရီးထွက်နေရတတ်သည်။ အရင်က ကိုရွှေတင်သည် မဝင်းကြည်တို့၏ရွာဖက်တွင် တာဝန်ကျသဖြင့် ရွာသို့မကြာခဏရောက်ရှိကာ မဝင်းကြည်နှင့် အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။