တစ်ခုလပ်မလေး မတင်ထွေး
“ဟေ့ကောင်… ဇော်ကြီး … အဲ့ဆော်… မိုက်တယ်နော်”
“အေး…ဟုတ်တယ်ကွ… နောက်ကကြည့်ရင် ပိုတောင်မိုက်သေးတယ်”
“အမလေးလေ ဘာတွေကြည့်ပြီး မိုက်နေရတာလည်း ဇော်ကြီး နဲ့ ကျော်မြင့် ရယ်…. နင်တို့လည်း ငမ်းစရာရှားလို့ ဒီလို တစ်ခုလပ်ကိုမှ ငမ်းရသလားဟဲ့”
“ဟင် တစ်ခုလပ် ဟုတ်လို့လား မတင်ထွေးရဲ့”
“အဟုတ်တော့…အဟုတ်… တစ်ခုလပ်တင်… ဘယ်ကမလဲ… ကလေးတစ်ယောက်လည်း ရှိသေး… သူ့သားလေးကလည်း အခြောက်လိုလေးလေ သားထူး ဆိုလား?”
“ဟာ ဒါဆို ပိုတောင်မိုက်သေးတယ်… အမေကော… သားကော ဟား…ဟား…ဟား…ဟား…”
“ဟဲ့ မိုက်မနေနဲ့ နင်တို့ သေသေချာချာကြည့် မိန်းမဖင်တွဲ… လင်မမြဲ တဲ့”
“ဟင်… မတင်ထွေးပြောတာ ဘာလဲဗျ”
“အော်…ဘာကမှာလဲ…ဟဲ့… အဲ့မိန်းမနောက်ပိုင်းကို သေသေချာချာ ကြည့်လေ ဖင်က အောက်တွဲကျနေတာ… မှတ်ထား မိန်းမ ဖင်တွဲကျနေရင် လင်မမြဲဘူးဟဲ့… စိတ်ကူးတွေ ယဉ်မနေနဲ့”
အလုပ်ကအပြန် ရပ်ကွက်ရဲ့ လူစည်းကားရာ စျေးဆိုင်တန်းလေးမှာ အိမ်အတွက် လိုအပ်တာလေးတွေ ဝင်ဝယ်နေတဲ့ ကေသွယ် တစ်ဖက်စျေးဆိုင် အတွင်းမှ ပြောနေသောကြသည်ကို ကြားလိုက်ရသော စကားလုံးတွေက နှမသားချင်း မစာမနာ သားသမီးချင်း ကိုယ်ချင်းမစာနာ မိန်းမသားချင်း မစာနာသော စကားလုံးတွေကြောင့် ကေသွယ် ထောင်းကနဲ ထွက်လာသော ဒေါသနှင့်အတူ ချာခနဲနောက်ပြန် လှည့်လိုက်ကာ