မုဆိုးမ မေမေ
ဒေါ်သီတာမိုး မှာ အသက် ၄၀ အရွယ် မုဆိုးမ တစ်ယောက်ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် သားတစ်ယောက်လည်းရှိသည်။ သူမ၏ သားအမည်မှာ မိုးမင်း ဖြစ်ပြီး သူမခင်ပွန်းဖြစ်သူ ဦးမင်းအောင်မှာ မိုးမင်းရဲ့ အသက် ၁၇ နှစ် အရွယ်ကပင် ဆုံးပါးသွားခဲ့ရသည်။
ထို့ကြောင့် မိုးမင်း မှာ ဘွဲ့တစ်ခုရရန်အတွက် အဝေးသင်သာ တက်ရောက်ခဲ့ရပြီး သားအမိနှစ်ယောက်ရဲ့ စာဝတ်နေရေးအတွက် ပြင်ပတွင် အလုပ်လုပ်ကာ ဝင်ငွေရှာခဲ့ရသည်။ ၁၀ တန်းအောင်ရုံမျှသောပညာရေးဖြင့် အတည်တကျ အလုပ်တစ်ခုရရန်မှာ ခက်ခဲလှသော်လည်း စားဝတ်နေရေးအတွက် အလုပ်ဟူသမျှ လုပ်ခဲ့ရသည်။ သားအမိနှစ်ယောက်စလုံးအတွက် ကူညီပေးမည့် ဆွေမျိုးညာတိကလည်း မရှိကြသဖြင့် ကိုယ့်အားကိုယ်ကိုးကာ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ကြရင်း ဘဝကို အံတုလာခဲ့ကြရသည်။
ဒေါ်သီတာမိုးမှာ အသက် ၄၀ အရွယ် ရှိနေပြီ ဖြစ်သည့်တိုင်အောင် သူမမျက်နှာမှာ အသားအရည်က ဝင်းဝါနေပြီး ဖြောင့်စင်း၍ ပေါ်လွင်သော နှာတံ၊ ဝိုင်းစက်နေသော မျက်လုံးအစုံနှင့် အုံကောင်းပြီး ရှည်လျားသော ပိတုန်းရောင် ဆံနွယ်တို့ကြောင့် ငယ်ရွယ်စဉ်အခါကဆိုလျှင် အတော်ပင်ချောမောလှပသော အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ကြောင်း ခန့်မှန်းလို့ ရပေသည်။